Breaking News >> News >> Democratic Voice of Burma


တန့်ဆည်နှင့် တမူးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်


Link [2022-04-09 00:13:27]



စစ်ကိုင်းတိုင်း  တန်ဆည်မြို့နဲ့ တမူးမြို့နယ်တို့မှာ ဧပြီ ၇ ရက်နဲ့ ၈ ရက်နေ့တွေက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တန့်ဆည်မြို့နယ် ရွှေဥယျာဉ်အနီးမှာ စစ်ကောင်စီတပ်ကို ဒီနေ့မနက် ၉ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တန့်ဆည်ဖီးနစ်ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။  မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က သုံးပွင့်အဆင့် အရာရှိ ၂ ဦးနဲ့ ထွေအုပ်အကြီးအကဲ ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တမူးမြို့နယ်မှာလည်း ဧပြီ ၇ ရက်နေ့က တမူး PDF တပ်ဖွဲ့ဝင်တွေ တမူး-အောင်ဇေယျ ကားလမ်းပိုင်းမှာ ‌နယ်မြေရှင်းလင်းရေးနဲ့ ယာဉ်စစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် တမူးမြို့ဘက်မှ တက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး‌ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာတာ‌ကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ တမူး […]

Most Read

2024-09-21 05:59:05