Breaking News >> News >> Democratic Voice of Burma


ချင်းပြည်နယ်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်အင်အားတိုးချဲ့နေ


Link [2022-04-09 00:13:27]



ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ လူအင်အား၊ လက်နက်အင်အား အများအပြားနဲ့ အခုသီတင်းပတ်အတွင်းမှာ စစ်အင်အားတွေ တိုးချဲ့လာတယ်လို့  ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ CDF တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။  ကျောက်ထု-မင်းတပ်ဘက်ကနေ မတ် ၂၅ ရက်က ထွက်ခွာလာတဲ့ စစ်ကား ၈၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဧပြီ ၇ ရက် မနေ့ညနေပိုင်းမှာ ချင်းပြည်နယ်၊ မတူပီမြို့ကို ရောက်လာတယ်လို့လည်း ပြောပါတယ်။  လတ်တလောရောက်လာတဲ့ စစ်ယာဉ်တန်းမှာ စစ်သားအင်အား ၅၀၀ ကျော် ပါလာပြီး နဂိုရှိနေတဲ့အင်အားနဲ့ ပေါင်းရင် မတူပီမြို့နယ်တခုတည်းမှာ စစ်ကောင်စီတပ် စစ်သားအင်အား ၁,၀၀၀ ကျော် ရှိလာတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက စစ်အင်အား တိုးချဲ့လာပေမယ့် ဒေသတွင်း CDF တွေနဲ့ တိုက်ရိုက်ထိတွေ့တိုက်ပွဲဖြစ်တာမျိုး မရှိဘဲ ဗျူဟာကုန်းတွေမှာ အခြေစိုက်နိုင်ဖို့ […]

Most Read

2024-09-21 05:33:41