Breaking News >> News >> Democratic Voice of Burma


ပုလဲနှင့်တန့်ဆည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲခံရ


Link [2022-04-08 12:33:35]



စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ တန့်ဆည်မြို့နယ်တွေမှာ ဧပြီ ၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။  ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ရွာပြင်ထွက်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပုလဲမြို့တော်ဝင်နဂါးတပ်တော် တာဝန်ရှိသူ ဗိုလ်နဂါးက ပြောပါတယ်။ “ဒီကောင်တွေ ရွာအပြင်ထွက်လာတဲ့အချိန်မှာ ကျနော်တို့ ပိုင်ပိုင်နိုင်နိုင်ပစ်နိုင်ခဲ့တယ်။ သေဆုံးတာ က ၃ ဦး အတိအကျပဲ။ ကျနော်တို့ လက်နက်ကောက်မယ်လို့ ကြံနေတုန်း သူတို့ဘက် စစ်ကူရောက်လာတယ်။ နောက်ပြီး လက်နက်ကြီးတွေနဲ့ထုလို ကျနော်အဖွဲ့တွေ နောက်ဆုတ်ခဲ့ရတယ်ဗျ။ အထိခိုက်အကျဆုံးကတော့ ကျနော့်လူတွေ တဦးတယောက်မှမရှိခဲ့ဘူး။”  အခု တိုက်ဖြစ်ပွားခဲ့တဲ့ ဇီးဖြူကုန်းကျေးရွာမှာ စစ်ကောင်စီတပ်တွေဟာ ဘုန်တော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲထားပြီး အဲဒီရွာကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အခုလို ဝင်ရောက်တိုက်ခိုက်တာ ၃ ကြိမ်ရှိပြီလို့ သိရပါတယ်။ […]

Most Read

2024-09-21 05:48:16