Breaking News >> News >> Democratic Voice of Burma


ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံများ ထိုင်းဘက် ထွက်ပြေး


Link [2022-04-08 12:33:35]



ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အဇင်းကျေးရွာမှာ ဧပြီ ၆ ရက် ည၈ နာရီလောက်က   စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့အတွက်  ဒေသခံပြည်သူတွေ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီရဲ့ အဇင်းတပ်စခန်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖုချိမူကျေးရွာတပ်စခန်းကနေ အဆက်မပြတ်ပစ်ကူပေးနေတာကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်နေပြီး ‌ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဇင်းကျေးရွာသားတဦးက ပြောပါတယ်။ ”ထွက်မပြေးလို့ မရဘူး။ လက်နက်ကြီးက အဆက်မပြတ်ပစ်နေတာ။ မပြေးရင် ထိကုန်မှာလေ။ ညက အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေ တော်တော်လေးကို ဒုက္ခရောက်တယ်။ ကျနော်တို့ ငယ်ငယ်ကခေတ်ဆိုးကြီးကို ပြန်ရောက်သွားသလို ခံစားရတယ်။ ကျနော်တို့ သားသမီးတွေကို ဒီလိုခေတ်ဆိုး စနစ်ဆိုးတွေ […]

Most Read

2024-09-21 05:50:32