Breaking News >> News >> Democratic Voice of Burma


မော်လမြိုင်တွင် မိုးသက်လေပြင်းတိုက်သဖြင့် နေအိမ်အချို့ပြိုကျပျက်စီး၊ ဒေသခံ ရာချီ လေဘေးသင့်


Link [2022-04-07 20:33:55]



မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ  ဧပြီ ၇ ရက်ညနေက အချိန်အခါမဟုတ် မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် နေအိမ်အလုံး ၂၀ ကျော် ပြိုကျပျက်စီးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့က  ဒီဗွီဘီကို ပြောပါတယ်။  ဒီကနေ့  ညနေ ၄ နာရီခွဲလောက်မှာ မိုးရွာပြီး လေပြင်းတိုက်ခတ်တာကြောင့် မော်လမြိုင်၊ သာယာအေးရပ်ကွက်က ကျူးကျော် နေအိမ်အလုံး ၂၀ ကျော် ပြိုကျပျက်စီးခဲ့တာပါ။  ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေကို လူမှုကယ်ဆယ်ရေးအဖွဲ့က သွားရောက် ကူညီပေးနေပြီး လူထိခိုက်ဒဏ်ရာရတော့ မရှိပါဘူး။  လေဘေးသင့်ပြည်သူ ၁၅၀ ကျော်ကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ နီးစပ်ရာဆွေမျိုး နေအိမ်တွေကို ပို့ဆောင်ထားပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က ကူညီမှု တစ်စုံတစ်ရာ ရောက်ရှိတာ မရှိသေးဘူးလို့ လေဘေးသင့်ပြည်သူတွေက ပြောပါတယ်။ မိုးသက်လေးပြင် တိုက်ခတ်တာကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်တချို့ သစ်ပင်တွေ […]

Most Read

2024-09-21 06:16:20