Breaking News >> News >> Democratic Voice of Burma


တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ


Link [2022-04-07 20:33:55]



ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်းဟာ မနေ့ည ၇ နာရီခွဲလောက်က မြို့မရပ်ကွက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ မိတ်ဆွေတဦးနဲ့ လက်ဖက်ရည်သောက်နေချိန် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အုပ်ချုပ်ရေးမှူးက သူ့မိတ်ဆွေတဦးနဲ့ထိုင်နေတုန်း ဆိုင်ကယ်နဲ့ လာပြီးပစ်သွားတာ။ သူ့မိတ်ဆွေ ကတော့ ဘာမှမဖြစ်သွားဘူး။ သူကတော့ သွေးတွေနဲ့ ရွှဲနစ်နေလို့ လူနာတင်ကားနဲ့ လာခေါ်သွားတယ်၊ ဘယ်အဖွဲ့ကပစ်လဲဆိုတာတော့ မသိရဘူး” လို့ မြို့မရပ်ကွက်ဒေသခံတဦးက ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်လင်းထွန်းဟာ တီးတိန် ပြည်သူ့ဆေးရုံမှာ အရေးပေါ် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်လင်းထွန်းဟာ တီးတိန်မြို့နယ်ကို ရာထူးတိုးနဲ့ တာဝန်ကျလာတာ တနှစ်ကျော်သာ ရှိသေးပြီး ဘယ်အဖွဲ့အစည်းက သေနတ်နဲ့ပစ်ခတ်သွားတယ်ဆိုတာ မသိရပါဘူး။

Most Read

2024-09-21 05:43:40