ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပဒါးညေးကျေးရွာမှာ ဧပြီ ၆ ရက် မနေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ရွာသား ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ မနေ့ညနေ ၃ နာရီလောက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ပဒါးညေးကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အခုလို ရွာသားတွေ ထိခိုက်သေဆုံးခဲ့တာပါ။ ထိခိုက်ဒဏ်ရာရသူတွေကို ရွှေလွိုင်ကော် ပရဟိတအဖွဲ့က သွားရောက်ကူညီပြီး ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တာလို့ အသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။ “သူတို့ဖြစ်ပြီး အကြောင်းကြားလာတော့ ကျနော်တို့ သွားခေါ်ပေးတာပေါ့နော်။ သွားခေါ်တဲ့အချိန်မှာ ဟိုရောက်တော့ နှစ်ယောက်ကတော့ ဆုံးနေပြီဗျာ။ သူတို့ မိသားစုဝင်တွေဗျာ။ သူတို့ အိမ်ရှေ့တည့်တည့်ကို ကျတာ။ ထိုင်နေတဲ့ […]