Breaking News >> News >> Democratic Voice of Burma


မြန်မာပြည်သူများကို ထောက်ခံအားပေးကြောင်း ဆီးနိတ်အမတ် မစ်ချ်မက်ကောနဲလ် ပြော


Link [2022-04-07 15:13:45]



ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ကာလရှည်ကြာ ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေဟာ ထောက်ခံအားပေးဖို့ ထိုက်တန်ပါတယ်လို့ အမေရိကန် ဆီးနိတ်လွှတ်တော်ရဲ့ ရီပတ်ပလေကန် ခေါင်းဆောင် မစ်ချ်မက်ကောနဲလ်က ပြောကြားလိုက်ပါတယ်။ မနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗစ်ဂျ်ဒါနဲ့ တွေ့ဆုံရာမှာ ခုလို ပြောဆိုလိုက်တာပါ။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ နိုင်ငံရေးအတိုက်အခံတွေကို ဖိနှိပ်ဖို့ အကြမ်းဖက်လုပ်ရပ်တွေ ပိုလုပ်လာပြီး သူ့ရဲ့မိတ်ဆွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနာတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပေါင်းများစွာကို ချုပ်နှောင်ထားတဲ့အကြောင်းလည်း ပြောပါတယ်။ မကြာသေးခင်က အတည်ပြုခဲ့တဲ့ NDAA ဥပဒေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ NUCC တို့ကို ထောက်ခံအားပေးဖို့ လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့တွေ ထည့်သွင်းပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်တဲ့ အကြောင်းလည်း မစ်ချ်မက်ကောနဲလ်က ပြောဆိုခဲ့ပါတယ်။ မစ်ချ်မက်ကောနဲလ်ဟာ […]

Most Read

2024-09-21 05:34:15