Breaking News >> News >> Democratic Voice of Burma


ထီးချိုင့်မြို့နယ်အတွင်း ကျောင်းသားအရွယ် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု တိုးပွားနေ


Link [2022-04-07 15:13:45]



စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစလို့ မူးယစ်ဆေးဝါးသုံးစွဲသူ အများအပြား နေ့စဉ်တိုးပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီလို မူးယစ်ဆေးသုံးစွဲသူ အများစုဟာ ကျောင်းနေအရွယ် လူငယ်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။ အလယ်တောစံပြကျေးရွာ ဒေသခံရွာသားတဦးက “ဆေးကတော့ အစုံပဲ။ ဘိန်းဖြူရော၊ ယာဘရော၊ စိတ်ကြွဆေးပြားတွေရော ရောင်းနေကြတာပါ။ ဘယ်သူမှ မဖမ်းကြပါဘူး။ လွတ်လွတ်လပ်လပ်ပါပဲ။ စိတ်မကောင်းတာက ၉ တန်း၊ ၁၀ တန်းကလေးတွေပါ သုံးလာကြတယ်။ ပိုဆိုးတာက မြို့နယ်ရဲတွေကလည်း ရောင်းတဲ့သူဆီကနေ ငွေတောင်းပြီး ခိုင်းနေတာဆိုတော့ ရောင်းတဲ့သူကလည်း ပေါ်တင်ပဲ။ ကိုယ့်သားသမီးတွေတောင် အဲလိုဆေးသမားဖြစ်သွားမှာ ကြောက်လို့ မန္တလေးကို ပို့ထားရတယ်။ ကျနော့်အမြင်ပြောရရင် စစ်ကောင်စီကရော၊ PDF ကရော ဒါတွေကို ထိထိရောက်ရောက် လုပ်‌ပေးစေချင်တယ်။ […]

Most Read

2024-09-21 09:00:34