မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အတွင်းရေးမှူးချုပ် ယန်းစ် စတိုလ်တန်ဘာ့ဂ်က ယူကရိန်းစစ်ပွဲ အချိန်ကာလ ကြာရှည်နိုင်ကြောင်း သတိပေးလိုက်ပြီး အဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေကို စစ်ရေးဟန့်တားနိုင်စွမ်း တိုးမြှင့်ထားဖို့ တောင်းဆိုလိုက်ပါတယ်။ “ရုရှားသမ္မတပူတင်ဟာ ယူကရိန်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ သူ့ရည်ရွယ်ချက်ကို လုံးဝ ပြောင်းမယ့်ပုံ မရှိပါဘူး။ သူက နိုင်ငံတကာအစီအစဉ် ပုံစံသစ် ရေးဆွဲလိုနေတာပါ။ ဒါကြောင့် ကျနော်တို့ အဖွဲ့ဝင်တွေ ရေရှည်အတွက် ပြင်ဆင်ထားဖို့ လိုအပ်မယ်” လို့ သူက ဧပြီ ၆ ရက် ဘရပ်ဆဲလ်မြို့ နေတိုး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောလိုက်တာပါ။ စတိုလ်တန်ဘာ့ဂ်က ဘူချာမြို့ အပါအဝင် ယူကရိန်းမြို့တွေမှာ ကျူးလွန်သတ်ဖြတ်ခဲ့သူတွေကို အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။ အစည်းအဝေး လာတက်တဲ့ နော်ဝေဝန်ကြီးချုပ်ဟောင်းကလည်း ယူကရိန်းမှာ သတ်ဖြတ်မှုတွေအပေါ် နိုင်ငံတကာ […]