Breaking News >> News >> Democratic Voice of Burma


မုံရွာမြို့ရှောင်လမ်းတွင် ဗုံးပေါက်ကွဲ၊ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ၁ ဦး သေဆုံး


Link [2022-04-07 03:33:14]



စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရွှေဇလုပ်ရပ်ကွက်အနီး မြို့ရှောင်လမ်းမှာ ဧပြီ ၆ ရက် နေ့လယ် ၂ နာရီလောက်က  ဗုံးပေါက်ကွဲပြီး အိမ်စီးကား ၁ စီး မိုင်းစထိမှန်ခဲ့လို့  အငြိမ်းစား မူလွန် ကျောင်းအုပ်ဆရာမကြီး ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ မျက်မြင်တွေ့သူတဦးက “ကျောက္ကာမြောက်ရွာက မူလွန်ကျောင်းအုပ် အငြိမ်းစား ဆရာမကြီး ဒေါ်ခင်မိုးရယ်၊ သူရဲ့သားရယ်၊ သူချွေးမရယ်စီးလာတဲ့ကား မိုင်းထိမှန်တာ။ ဆရာမကြီးကတော့ နေရာတင်ဆုံးသွားတယ်။ သားနဲ့ ချွေးမကတော့ ဒဏ်ရာရတဲ့ အဆင့်လောက်ပါပဲ။ အသက်အန္တရယ် မစိုးရိမ်ရဘူး။”လို့ ပြောပါတယ်။ အဲဒီပေါက်ကွဲတဲ့ နေရာနဲ့အနီးမှာ လုံခြုံရေးအပြည့်ချကာ စစ်ကောင်စီက ဦးစီးကျင်းပတဲ့ သင်္ကြန်ပွဲအတွက် အကတိုက်နေတဲ့  စီးပွားရေးတက္ကသိုလ်အနီးမှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ အခုဗုံးပေါက်ကွဲမှုနဲ့ ပက်သက်ပြီး […]

Most Read

2024-09-21 08:42:22