Breaking News >> News >> Democratic Voice of Burma


ဖမ်းဆီးခံရစဉ် အရပ်သား ၁ ဦး သေဆုံးခဲ့မှုကိစ္စ အေအေအဖွဲ့၏ ဖြေရှင်းချက်ကို မိသားစု လက်မခံ


Link [2022-04-07 03:33:14]



ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် အရပ်သား တယောက်သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့  ရက္ခိုင့်တပ်တော် (အေအေ)အဖွဲ့ရဲ့ ဖြေရှင်းချက်ကို လက်မခံဘူးလို့  သေဆုံးသူရဲ့ မိသားစုဝင်တွေက တုံ့ပြန်ပြောကြားလိုက်ပါတယ်။ မြောက်ဦးဒေသခံ ဦးမောင်ကြီးလှ သေဆုံးခဲ့တာဟာ  အေအေအဖွဲ့ရဲ့ ဖမ်းဆီးထားစဉ် ရိုက်နှက်မှုကြောင့်မဟုတ်ဘဲ ဆီးချိုရောဂါအခံရှိတာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ဧပြီ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ အေအေ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။  “နှိက်စက်ညှဉ်းပန်းလို့ သေဆုံးသွားတာ လုံးဝမဟုတ်ပါ။ ဆေးရုံတင်စဉ် ကာလမှာ ကျနော်တို့မှာရှိတဲ့ ဆေးမှတ်တမ်းတွေ၊ နောက်ပြီးဆရာဝန်ပြောဆိုချက်တွေကို ကျနော်တို့ဆီမှာ အားလုံးကို သိမ်းထားတာရှိပါတယ်။ ခန္ဓာကိုယ်မှာ ညိုမဲနေတာတွေ မျက်ကွင်းတွေမှာ ပေါ်နေတာတွေက ဆီးချိုနဲ့ သေတဲ့အခါ အဲလို ပေါ်တတ်တာတွေဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်တို့က သေဆုံးသွားတဲ့သူကို ဆရာဝန်ရဲ့ နောက်ဆုံးစစ်ဆေးချက် မလုပ်လိုက်ရဘူး။ […]

Most Read

2024-09-21 08:29:46