Breaking News >> News >> Democratic Voice of Burma


ဂန့်ဂေါပြည်သူများ အကြောင်းမဲ့သွားလာခြင်းမပြုရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး


Link [2022-04-07 03:33:14]



မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ဂန့်ဂေါ-ကလေးလမ်းပိုင်းနဲ့ ဂန့်ဂေါ-ထီးလင်း လမ်းပိုင်းတို့မှာ အကြောင်းမဲ့ သွားလာတာတွေ မပြုကြဖို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၆ ရက် နေ့စွဲနဲ့ သတိပေးချက် ထုတ်ပြန်ပါတယ်။ ဂန့်ဂေါမြို့နယ်မှာ မတ်လ တတိယပတ်ကတည်းကစပြီး စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းသုံးကြောင်းခွဲ သွားလာလှုပ်ရှားနေပြီး အကြမ်းဖက်မှုတွေ ကျူးလွန်‌နေတာကြောင့် အခုလို သတိပေးလိုက်တာပါ။ စစ်‌ကောင်စီတပ်သား‌တွေဟာ သူတို့ စစ်ကြောင်းထိုးရာ လမ်းကြောင်းက နေအိမ်တွေကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ကြပြီး မတ်လအတွင်း ဂန့်ဂေါနယ်က လူနေအိမ်ခြေ ၃၄၆ အိမ်ထက်မနည်း မီး‌လောင်ပျက်စီးခဲ့ကာ ပြည်သူ ၁၄၀၀ နီးပါး အခက်အခဲကြုံတွေ့နေကြရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ထားပါတယ်။ ဧပြီ […]

Most Read

2024-09-21 08:37:49