Breaking News >> News >> Democratic Voice of Burma


ချင်း၊ မကွေးနှင့် စစ်ကိုင်းတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃ သိန်းကျော်ရှိလာဟု ကုလထုတ်ပြန်


Link [2022-04-07 03:33:14]



ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ  ဆက်လက်ပြင်းထန်နေဆဲ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေဟာ သိသိသာသာမြင့်တက်လာခဲ့ပြီး မြန်မာပြည် အနောက်မြောက်ဒေသတစ်ခုတည်းမှာတင် လူ ၃ သိန်းကျော်ရှိလာခဲ့တယ်လို့  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း ကောလင်း၊ ကလေးနဲ့ ဝန်းသိုမြို့နယ်တွေမှာ လူ ၃၁,၀၀၀ လောက်နဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ အိုးအိမ်စွန့်ခွာရသူ ၁,၅၀၀ လောက်ရှိပြီး လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့အမျှ အိုးအိမ်စွန့်ခွာသူဦးရေဟာ ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး လက်ရှိကာလအထိ မြန်မာပြည် အနောက်မြောက်ဒေသမှာ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေအပါအဝင် လူနေအိမ်နဲ့ အရပ်သားပိုင် အိုးအိမ်  အနည်းဆုံး ၇,၂၄၆ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ […]

Most Read

2024-09-21 08:32:10