Breaking News >> News >> Democratic Voice of Burma


အင်တဲလ်ကော်ပိုရေးရှင်းက ရုရှားနိုင်ငံထဲမှ လုပ်ငန်းများ ရပ်ဆိုင်း


Link [2022-04-07 03:33:14]



အမေရိကန်က ချစ်ပ်စ်ထုတ်လုပ်သူ အင်တဲလ် နိုင်ငံတကာကော်ပိုရေးရှင်းက ရုရှားနိုင်ငံထဲမှာ ဆောင်ရွက်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပြီးပြီလို့ ဧပြီ ၅ ရက်မှာ ကြေညာပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်အပြီး ရုရှားနိုင်ငံထဲကနေ ထွက်ခွာလာတဲ့ လုပ်ငန်းကြီးတွေနဲ့ လာရောက် ပူးပေါင်းလိုက်တာပါ။ အရင်လကစပြီး ရုရှားနိုင်ငံနဲ့ ဘဲလာရုစ်နိုင်ငံတွေထဲက ဖောက်သည်တွေအတွက် ကုန်စည်တင်ပို့မှု ရပ်ဆိုင်းထားတဲ့ အင်တဲလ်ကတော့ သူ့ရဲ့ တကမ္ဘာလုံးက လုပ်ငန်းတွေ အနှောင့်အယှက်ဖြစ်တာ နည်းအောင် စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင် အကောင်အထည် ဖော်သွားမယ်လို့ ပြောပါတယ်။ ယူကရိန်းအပေါ် ရုရှားက ကျူးကျော်စစ်ဆင်နွှဲတာ ပြစ်တင်ရှုတ်ချတဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းနဲ့ ဆက်ပြီး ပူးပေါင်းသွားမယ်၊ ငြိမ်းချမ်းရေးဆီ အမြန်ပြန်လှည့်ဖို့ ဆော်ဩတယ်လို့ အင်တဲလ်က ပြောခဲ့ပါတယ်။

Most Read

2024-09-21 08:39:50