Breaking News >> News >> Democratic Voice of Burma


မင်းအောင်လှိုင်အတွက် သက်ဆိုးရှည်ဆေးလား


Link [2022-04-06 15:53:35]



မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာပရတ်ဆွန်ခွန်းရဲ့ ၃ ရက်ကြာ မြန်မာခရီးစဉ်မှာ စကားကြီးနှစ်ခွန်း ပြန်ပါလာခဲ့တယ်။ ပထမစကားကြီးတစ်ခွန်းက မြန်မာစစ်တပ်အနေနဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်တဲ့နေရာမှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ လက်ယဉ်လွန်းလှတဲ့ မင်းအောင်လှိုင်ကို မေတ္တာရပ်ခံခဲ့ခြင်းနဲ့ ဒုတိယစကားကြီးတစ်ခွန်းက လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စ အဆိုပြုချက် ဖြစ်ပါတယ်။ ပရတ်ဆွန်ခွန်းက မင်းအောင်လှိုင်ရဲ့ သွေးရဲရဲသံရဲရဲနဲ့ မိုက်တိမိုက်ကန်း လမ်းသရဲ စရိုက်လက္ခဏာ ရှိမှုကို ကောင်းကောင်းသိရှိထားတဲ့ပုံ။ ဒါ့ကြောင့် အာဆီယံမူ ၅ ရပ်ထဲက အရေးကြီးဆုံးတချက် ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ဆိုတာကို လုံးဝမဆို။ စစ်ဆင်ရေးတွေ မလုပ်နဲ့လို့လည်း မပြော၊ လုပ်တော့လုပ်၊ ထိန်းထိန်းသိမ်းသိမ်းလုပ်။ ဒါကို နောက်တမျိုး ထပ်ပြောရရင် ကိုယ့်ပြည်သူကို သတ်တန်သလောက်တော့ သတ်၊ မြန်မာတင်ကျော်ရုံတင်မက ကမ္ဘာပါကျော်သွားခဲ့တဲ့ ဖရူဆိုလို အစုလိုက်အပြုံလိုက် […]

Most Read

2024-09-21 08:33:23