Breaking News >> News >> Democratic Voice of Burma


ဖိလစ်ပိုင်က ပိုလျှံနေသည့် ကိုဗစ်ကာကွယ်ဆေးများကို မြန်မာနှင့် နယူးဂီနီအတွက် လှူမည်


Link [2022-04-06 15:53:35]



ဖိလစ်ပိုင်နိုင်ငံဟာ သူ့မှာ  ပိုလျှံနေတဲ့  ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံနဲ့ ပါပူဝါနယူးဂီနီနိုင်ငံတွေကို လှူဒါန်းသွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာန (DOH) က ဧပြီလ ၅ ရက်မှာ ပြောပါတယ်။ ကာကွယ်ဆေးတွေ ပိုလျှံနေတာကြောင့် အခုရထားတဲ့ တခြားကာကွယ်ဆေးတွေကို လှူသွားမှာဖြစ်ကြောင်း၊ လောလောဆယ် မြန်မာနဲ့ ပါပူဝါနယူးဂီနီ နှစ်နိုင်ငံအတွက် အစီအစဥ်တွေ အပြီးသတ်နိုင်အောင် ဆွေးနွေးနေကြောင်း  ဖိလစ်ပိုင်ကျန်းမာရေးဌာန လက်ထောက် အတွင်းဝန် မာရီယာရိုဆာရီယိုဗာဂယ်ရီက ပြောပါတယ်။ ဖိလစ်ပိုင်အစိုးရဟာ ကာကွယ်ဆေးစာရင်းတွေကို အပြီးသတ်လုပ်ဆောင်နေဆဲဖြစ်ပြီး နှစ်နိုင်ငံကို ဘာကာကွယ်ဆေးတွေ လှူဒါန်းမယ်ဆိုတာနဲ့ ကာကွယ်ဆေးနံပါတ်နဲ့ အမှတ်တံဆိပ်ကို မပေးနိုင်သေးဘူးလို့လည်း ပြောကြားခဲ့ပါတယ်။  ဒါပေမဲ့ သေချာတာကတော့ အဲဒီနိုင်ငံတွေနဲ့ ညှိနှိုင်းမှုတွေနဲ့ အစီအစဉ်တွေ စတင်နေပြီဖြစ်တာကြောင့် လှူဒါန်းမှုကို တွန်းအားပေး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။  ဒါ့အပြင် တခြားနိုင်ငံတွေကို ကာကွယ်ဆေးတွေ […]

Most Read

2024-09-21 08:31:17