Breaking News >> News >> Democratic Voice of Burma


အီးယူက ရုရှားအပေါ် ဒဏ်ခတ်မှု ပိုမိုတင်းကျပ်ပြုလုပ်မည်


Link [2022-04-06 15:53:35]



ဥရောပသမဂ္ဂဟာ ရုရှားအပေါ် ဒဏ်ခတ်မှု သိသိသာသာ တင်းကျပ်မယ်လို့ ဂျာမန်နိုင်ငံခြားရေး ဝန်ကြီး အန်နာလီနာဘဲဘော့ခ်က ဧပြီ ၄ ရက်မှာ ပြောလိုက်ပါတယ်။ “ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ပုံရိပ်တွေဟာ ဒီစစ်ပွဲရဲ့ ရက်စက်တဲ့ အတိုင်းအတာသစ်ကို မီးမောင်းထိုးပြနေတယ်။ ဒါဟာ အဆိုးဆုံး စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပဲ၊ ဒါကြောင့် ဒဏ်ခတ်မှုစနစ်ထဲမှာ ကျန်နေတဲ့ ဟာကွက်တွေကို ပိတ်ရုံသာမက ဒဏ်ခတ်မှုတွေကို ပြင်းပြင်းထန်ထန် အကောင်အထည်ဖော် ဆောင်ရွက်ရလိမ့်မယ်ဆိုတာ သီတင်းပတ်ကုန်ရက်မှာ ကျနော် ရှင်းအောင်လုပ်ခဲ့ပြီးပြီ” လို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ဂျာမနီမြို့တော် ဘာလင်မှာ ပြောပါတယ်။ ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ကျူးကျော်ခဲ့လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့ခဲ့အပြီး ရုရှားစီးပွားရေးဟာ ၁၉၉၁ […]

Most Read

2024-09-21 08:52:08