Breaking News >> News >> Democratic Voice of Burma


ဂန့်ဂေါမြို့နယ်၌ မိန်းကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို စစ်တပ်က လက်ပြန်ကြိုးတုပ် ပစ်သတ်


Link [2022-04-05 23:53:09]



မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာမှာ  ဧပြီ ၄ ရက်က အသက် ၁၄ နှစ်အရွယ် စစ်ဘေးရှောင် မိန်းကလေးငယ်တယောက်နဲ့  အမျိုးသားတယောက်တို့ကို  စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်သွားတယ်လို့  ဒေသခံရွာသားတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေ သတ်ဖြတ်သွားတာခံရတဲ့သူတွေဟာ  ပါးစပ်ကို အဝတ်ဆို့ခံထားရကာ လက်ပြန်ကြိုးတုပ်အနေအထားနဲ့ သေဆုံးနေတာတွေ့ရပြီး အမျိုးသမီးငယ်ကိုလည်း အဓမ္မပြုကျင့်သွားတဲ့ ပုံစံမျိုးတွေ့ရပေမဲ့  အတိအကျတော့ မသိရသေးဘူး ရွာသားတစ်ယောက်က ပြောပါတယ်။  ဂန့်ဂေါမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်မွှေနေပြီး PDF-ဂန့်ဂေါနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားကာ ဒေသခံပြည်သူတွေ ဘေးလွတ်ရာနေရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ဆေးမင်းတောရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မောက်လယ်ရွာနားကို ရောက်လာလို့ ဒီကနေ မနက် ၁၀ နာရီခွဲလောက်မှာလည်း PDF-ဂန့်ဂေါနဲ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ […]

Most Read

2024-09-21 08:30:53