Breaking News >> News >> Democratic Voice of Burma


ထီးလင်းမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်၊ ရွာသားများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်


Link [2022-04-05 23:53:09]



မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ယောဒေသကာကွယ်ရေးYDFတပ်ဖွဲ့က ဧပြီ ၅ ရက် ဒီကနေ့  ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ထံက  သိရပါတယ်။ တိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဖက်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေကြပြီး တိုက်ပွဲဟာ ပြင်းထန်နေဆဲဖြစ်လို့ တိုက်ပွဲရလဒ်နဲ့  နှစ်ဖက်အထိအခိုက်အကျအဆုံးစာရင်းကို အတည်မပြုနိုင်သေးဘူးလို့ YDF တာဝန်ခံက ပြောပါတယ်။ တိုက်ပွဲကြောင့် လက်ရှိမှာတော့ အနီးအနားကကျေးရွာတွေက ရွာသူရွာသားတွေ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ထီးလင်းနယ်အတွင်း စစ်ကြောင်းထိုးလားတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေရဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး၊ ရွာသားတွေကို ဖမ်းဆီးနှိပ်စက်၊  မွေးမြူထားတဲ့ တိရစ္ဆာန်တချို့ကိုလည်း သတ်စားခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။ ဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ထီးလင်း-ဂန့်ဂေါလမ်းကြောင်းကို အသုံးမပြုကြဖို့နဲ့  ခရီးသွားလာလို့ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို တာဝန်ယူဖြေရှင်းသွားမှာမဟုတ်ဘူးလို့ ယောဒေသ ကာကွယ်ရေးတက်ဖွဲ့YDFက […]

Most Read

2024-09-21 08:31:17