Breaking News >> News >> Democratic Voice of Burma


ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၈ သိန်းကျော်ဖမ်းမိ


Link [2022-04-05 23:53:09]



ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင်နဲ့ တာ့ခ်ခရိုင်ထဲမှာ စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။  ဧပြီ ၄ ရက် မနက်စောစောက  ချင်းမိုင်ခရိုင်၊ ဝိန်းဟိုင်မြို့နယ်၊ ပျိန်းလုံအုပ်စု ဘန့်မိုင်မိုင်းကျွတ်ကျေးရွာအနီး တောလမ်းတလျှောက်မှာ ထိုင်းစစ်တပ်တာဝန်ရှိသူက နယ်စပ်လုံခြုံရေး စောင့်ကြပ်စဉ် အထုပ်အပိုးကိုယ်စီ သယ်ဆောင်လာတဲ့ လူတစုကို တွေ့ရလို့ စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ အထုပ်တွေပစ်ချပြီး ထွက်ပြေးသွားတယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။  စစ်တပ်က အဆိုပါနေရာတဝိုက်ကို ဝိုင်းထားလိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ရာမှာ မြွေရေခွံအိတ် ၄ လုံးကို တွေ့ရကြောင်း၊ အိတ် ၁ လုံးစီရဲ့ အထဲမှာ စိတ်ကြွဆေး ၂ သိန်းစီ တွေ့ရှိတဲ့အတွက် ဆေးပြားစုစုပေါင်း ၈ သိန်းကို တယ်လီဖုန်း ၁ လုံးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။  […]

Most Read

2024-09-21 08:55:53