Breaking News >> News >> Democratic Voice of Burma


ရန်ကုန်တိုင်းက စက်ရုံအချို့တွင် အလုပ်သမားများကို အတင်းအဓမ္မ အလုပ်စေခိုင်း


Link [2022-04-05 18:33:59]



ရန်ကုန်တိုင်းအတွင်း  စက်မှုဇုန်တွေက စက်ရုံတချို့မှာ အလုပ်ရှင်တွေက သင်္ကြန်ပိတ်ရက်မတိုင်ခင် အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းပြီး အတင်းအဓမ္မ အလုပ်စေခိုင်းမှုတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  စက်ရုံတာဝန်ရှိသူတချို့က အလုပ်သမားတွေရဲ့ ပုံမှန်နားရက်တွေမှာ အချိန်ပိုဆင်းခိုင်းတာ၊ ညလုံးပေါက် အချိန်ပိုဆင်းခိုင်းတာမျိုးတွေ ပြုလုပ်ပြီး လုပ်အားကို ပြင်းပြင်းထန်ထန် ညှစ်ယူနေတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက စက်ရုံတွေ ပိတ်သိမ်းတာ၊ ရင်းနှီးမြှုပ်နှံသူတွေ ထွက်ခွာတာတွေကြောင့် အလုပ်သမားတွေဟာ အလုပ်အကိုင်ရှားပါးတာနဲ့ ကြုံတွေ့ခဲ့ရပြီး အလုပ်မရှိတော့မှာကို စိုးရိမ်နေရတဲ့အပေါ် အလုပ်ရှင်တချို့က အခွင့်အရေးယူ အနိုင်ကျင့်လာတာလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်မှုဇုန်လုပ်သားတဦးက “All Night ဆင်းခိုင်းတာတွေ လုပ်တယ်။ တညလုံး လုပ်ရပြီး နောက်ရက် အလုပ်ပြန်ဆင်းရတယ်။ အဲဒီလိုလုပ်ရတော့ အလုပ်သမားတွေမှာ ကျန်းမာရေးရော တခြားထိခိုက်မှုတွေရောရှိတယ်” လို့ ပြောပါတယ်။ စစ်အာဏာသိမ်းမှုမတိုင်ခင် ကိုဗစ်ကာလကတည်းက အလုပ်သမားတွေဟာ […]

Most Read

2024-09-21 08:41:53