Breaking News >> News >> Democratic Voice of Burma


အာရှလမ်းမကြီးကို ဆက်ပိတ်ထားသဖြင့် အထူးသတိထားသွားလာရန် ကေအန်ယူ တိုက်တွန်း


Link [2022-04-05 18:33:59]



ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအသုံးပြုခွင့် ယာယီပိတ်ထားတာကို တရားဝင် ပြန်လည် ရုပ်သိမ်းတာမရှိသေးတဲ့အတွက် ပြည်သူလူထုအနေနဲ့ အထူးသတိထား သွားလာကြဖို့ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)က  ထပ်မံတိုက်တွန်းလိုက်ပါတယ်။  စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေလမ်းပိုင်း လမ်းအသုံးပြုမှုကို မတ်လ ၂၇ ရက်ကစပြီး ရပ်ဆိုင်းထားဖို့ ကေအန်ယူက ထုတ်ပြန်ထားတာပါ။ လမ်းအသုံးပြုမှု ရပ်ဆိုင်းလိုက်တာကြောင့် ပြည်သူလူထုရဲ့ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေးလိုအပ်ချက်တွေကို နားလည်ပေမဲ့ စစ်ကောင်စီက ပြည်သူလူထု လိုအပ်ချက်တွေကို ခုတုံးလုပ် အကာအကွယ်ယူပြီး အမြတ်ထုတ်နေတာကို ကာကွယ်နိုင်ဖို့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ကူညီဖို့ ကေအန်ယူ က မေတ္တာရပ်ခံထားပါတယ်။ စစ်ကောင်စီ သတင်းစာတွေမှာတော့ အာရှလမ်းမကြီးမှာ ပုံမှန်အတိုင်း သွားလာနေကြတယ်လို့ သတင်းထုတ်ထားတဲ့အတွက်  ခရီးသွားလာမှုတွေ ဆက်ရှိနေပြီး နှစ်ဘက်တိုက်ပွဲတွေအကြားမှာ ခရီးသွားကားတွေနဲ့ ကုန်တင်ယာဉ်တွေ ပစ်ခတ်မီးရှို့ခံရတာတွေလည်း  […]

Most Read

2024-09-21 08:29:02