Breaking News >> News >> Democratic Voice of Burma


ပြည်သူအတွက် ရဟတ်ယာဉ်ဝယ်ပေးမှုဖြင့် နိုင်ငံခေါင်းဆောင် ၂ ဦးကို ရုံးထုတ်စစ်ဆေး


Link [2022-04-05 18:33:59]



ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကြုံရချိန်မှာ အသုံးပြုဖို့ ရဟတ်ယာဉ်ဝယ်ယူပေးခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အဂတိအမှုနဲ့စွပ်စွဲ တရားစွဲဆိုထားတဲ့အမှုတွေကို ဧပြီ ၅ ရက်က ဆက်လက်ရုံးထုတ် စစ်ဆေးပါတယ်။ မနေ့ ရုံးချိန်းမှာ တရားလို ဦးအောင်ခက သက်သေအဖြစ် ထွက်ဆိုခဲ့ပြီး စစ်ဆေးမှု မပြီးပြတ်တဲ့အတွက် ဧပြီ ၁၉ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့ကို ၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဝယ်ယူ  ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လုံးဝအပြစ်မရှိကြောင်း […]

Most Read

2024-09-21 08:39:11