Breaking News >> News >> Democratic Voice of Burma


ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးအစီအစဉ် တဦးတဖွဲ့ အကျိုးစီးပွားအတွက် မဖြစ်စေလို


Link [2022-04-05 18:33:59]



အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့  ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီအနေဖြင့် အုပ်စု တခု၊ အသင်းအဖွဲ့ တခုတည်းသာ ချမ်းသာအောင် လုပ်ပေးတာမျိုး မဖြစ်စေဖို့ လိုအပ်တယ်လို့ စိုက်ပျိုးရေးသုတေသီတွေက ထောက်ပြပြော ဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံမျိုးစေ့ထုတ် လုပ်ငန်း အပါအဝင် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ စားသုံးဆီ အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံကြဖို့ စစ်ကောင်စီ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ပြည်တွင်း၊ပြည်ပမှ ရင်းနှီးမြုပ်နှံသူတွေကို  ဖိတ်ခေါ်ထားပါတယ်။ ဒီလုပ်ငန်းအကောင်အထည်ဖော်နိုင်ဖို့အတွက် စစ်ကောင်စီက ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ တရပ်ကို ဖွဲ့စည်းပေးထားကာ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ နေကြာသီးနှံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ဧက ၁ သန်းခွဲ စိုက်ပျိုးသွားဖို့ စီမံချက်ထဲ ထည့်သွင်းရေးဆွဲထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးသုတေသီတဦးက “ကျနော်တို့ဆီမှာ အသင်းအဖွဲ့တွေ […]

Most Read

2024-09-21 08:21:23