Breaking News >> News >> Democratic Voice of Burma


ရေစကြိုမြို့နယ်၌ စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ၊ ထီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်၊ ဂန့်ဂေါတွင် ရွာမီးရှို့


Link [2022-04-05 06:53:33]



မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဧပြီ ၄ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို PDF ကနေ သိရပါတယ်။ ရေစကြိုမြို့နယ် ပခန်းကြီးအထွက်မှာ ဒီမနက် ၁၁ နာရီလောက်က စစ်တပ်၊၊ရဲတွေနဲ့ ပျူစောထီးတွေကို ရေစကြိုPDF က မိုင်း ၂ ကြိမ်ဆွဲပြီးတိုက်ခိုက်တာလို့ ရေစကြို PDF ခေါင်းဆောင်ရဲဘော်ဝေကြီးက ပြောပါတယ်။ ဒေသခံတဦးက “ပခန်းကြီးမြို့ဟောင်းအထွက်မှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ အကျယ်ကြီးကြားရတယ်ဗျ။ ကျနော်တို့လည်း ကြောက်တာနဲ့ သွားမကြည့်ရဲဘူး။ အိမ်ထဲပဲ လုံခြုံတဲ့နေရာရှာပြီး မိသားစုတွေ ပုန်းနေကြရတယ်”လို့ ပြောပါတယ်။ အဲဒီပေါက်ကွဲပစ်ခတ်တာတွေဖြစ်ပြီးတဲ့နောက်မှာတော့ စစ်ကားနဲ့ ရဲကားတွေ အင်အားအလုံးအရင်း နဲ့ဖြတ်သွားတာတွေ့ရသလို လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ကားတွေ ဆိုင်ကယ်တွေကို အသေးစိတ်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။ […]

Most Read

2024-09-21 08:42:26