Breaking News >> News >> Democratic Voice of Burma


ထိုင်း-မြန်မာနယ်စပ်တွင် စာတိုက်မှပို့သည့် မောင်းပြန်ရိုင်ဖယ်သေနတ် ၇ လက် သိမ်းဆည်းရမိ


Link [2022-04-05 06:53:33]



မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ်လို့ ယူဆရတဲ့  အေကေ ၄၇ အမျိုးအစား မောင်းပြန်ရိုင်ဖယ်  ၇ လက်ကို ဧပြီ ၄ ရက် ဒီနေ့မနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး  မယ်လမတ်မြို့နယ်စာတိုက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းပိုင်းမှတဆင့် မယ်လမတ်မြို့နယ်စာတိုက်ကို ရောက်ရှိလာတဲ့  ပါဆယ်ထုပ်ကြီးတွေကို  စာတိုက်ဝန်ထမ်းတွေက မသင်္ကာလို့  ရဲစခန်းထံ အကြောင်းကြားခဲ့ရာကတဆင့် လက်နက်တွေနဲ့အတူ ပစ္စည်းလာထုတ်တဲ့ အမျိုးသားနှစ်ယောက်ကိုပါ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ သိမ်းဆည်းရမိတဲ့ အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်တွေဟာ  ရာခိုင်နှုန်းအားဖြင့် ၆၀ လောက်ရှိတဲ့ တပတ်ရစ်သေနတ်တွေဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ ကာလပေါက်ဈေးအရ ထိုင်းဘတ်ငွေ ၁ သိန်းခွဲလောက် တန်ဖိုးရှိနိုင်တယ်လို့   နယ်စပ်ကနေ လက်နက်ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။ မဲဆောက်မြို့မြောက်ဘက် ၃၅ ကီလိုမီတာ အကွာမှာရှိတဲ့  မယ်လမတ်မြို့နယ်ရဲ့ တဘက်ခြမ်း  […]

Most Read

2024-09-21 08:59:21