Breaking News >> News >> Democratic Voice of Burma


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွပ်စွဲထားသည့် အဂတိမှုများ ဆက်လက်ရုံးထုတ် စစ်ဆေး


Link [2022-04-04 19:13:41]



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက တဖက်သတ် စွပ်စွဲ ထားတဲ့ အဂတိမှုတွေကို ဒီနေ့ ဧပြီလ ၄ ရက်နေ့က ဇမ္ဗူသီရိအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။ ဒီနေ့ရုံးထုတ်မှာ  ရာကြီးအမှု ၃၊ ၄ တို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်နဲ့ ဦးမင်းသူတို့ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ သက်သေအဖြစ် ဘဏ္ဍာရေး၀န်ကြီးဌာန၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီက အင်ဂျင်နီယာတယောက်တို့ကို  စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ရုံးချိန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်တဲ့အကြောင်းနဲ့ အမှုကို ဧပြီ ၁၈ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်တယ်လို့လည်း အဆိုပါ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

Most Read

2024-09-21 10:50:32