Breaking News >> News >> Democratic Voice of Burma


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပေါ်စွဲထားသည့် ရွေးကောက်ပွဲအမှု အပြီးသတ်အမိန့်ချမည်


Link [2022-04-04 19:13:41]



ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီးဦးမင်းအောင်တို့အမှုကို လာမယ့်ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမှတ်သွားမယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့  ဧပြီ ၄ ရက် ဒီနေ့  စစ်တွေအကျဉ်းထောင် အထူးတရားရုံးမှာ နှစ်ဘက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပြီး ဧပြီ ၆ ရက်နေ့ မှာတော့ အပြီးသတ်အမိန့်ချဖို့ ချိန်းဆိုလိုက်တာဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဦးညီပုကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှု စွပ်စွဲချက် နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)နဲ့ တရားစွဲဆိုထားသလို စည်ပင်ဝန်ကြီးတာဝန်ယူခဲ့တဲ့ ဦးမင်းအောင်ကိုလည်း အားပေးကူညီတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)အပြင် ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့ပါ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒု-ညွန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး စစ်တွေမြို့နယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။ စစ်ကောင်စီက ဝန်ကြီးချုပ် ဦးညီပုကို […]

Most Read

2024-09-21 10:56:36