Breaking News >> News >> Democratic Voice of Burma


ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် တိုက်ပွဲပြင်းထန်၊ ကား ၄ စီး မီးရှို့ခံရ


Link [2022-04-04 19:13:41]



ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ၊ အာရှလမ်းမကြီး၊  ဆိတ်ဖူးတောင်အနီးမှာ ဧပြီ ၄ ရက် မနက် ၇ နာရီလောက်ကစတင်ကာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ခရီးသည်တင်မှန်လုံယာဉ်တွေအပါအဝင် ကား ၄ စီး မီးရှို့ခံထားရပါတယ်။ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ ကေအန်ယူက မေတ္တာရပ်ခံထားပေမဲ့ စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းဌာနတွေက ပုံမှန်သွားလာလို့ရပြီဆိုတဲ့ သတင်းမှားကြောင့် အခုလို မီးရှို့ခံရတာလို့ ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။ “နိုင်ငံပိုင်သတင်းတွေ နားထောင်တော့ အေးချမ်းပြီ။ ယာဉ်တွေသွားလာနေတယ်ဆိုတော့ အေးဆေးသွားပြီထင်တာ။ မနက်စောစော ဘားအံကနေ စထွက်လာပြီးတော့ တောင်ပေါ်ဆက်တက်ခဲ့တာ။ ဆိတ်ဖူးတောင်ကွေ့ရောက်ရုံရှိသေးတယ်  သေနတ်သံတွေကြားရတော့ ပြန်လှည့်လို့မရတော့ဘူး။ အခုမီးလောင်ထားတဲ့နေရာရောက်တော့ ကားတွေပါ မီးရှို့ခံထားရတာတွေ့တယ်။”  အာရှလမ်းပေါ် ယာဉ်တချို့ပိတ်မိနေပြီး ဘားအံဘက်မှ လာရောက်တဲ့ မော်တော်ယာဉ်တွေဟာ ကော့ကရိတ်မြို့နဲ့ မြဝတီဘက်ကမောင်နှင်းလာတဲ့ […]

Most Read

2024-09-21 10:32:15