Breaking News >> News >> Democratic Voice of Burma


နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံကို မလာကြရန် တိုက်တွန်း


Link [2022-04-04 19:13:41]



မြန်မာနိုင်ငံကို ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ပြီး နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ဧပြီ ၁၇ ရက်မှာ ပြန်စတင်ဖို့ စစ်ကောင်စီက စီစဉ်နေပေမဲ့ နိုင်ငံတကာခရီးသွားလုပ်ငန်းအေဂျင်စီတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေကတော့  နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ မြန်မာပြည်ကို မလာရောက်ကြဖို့ တိုက်တွန်းနေကြတယ်လို့  The Guardian သတင်းစာမှာဖော်ပြပါတယ်။ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းစဉ်းစားဖို့  တင်ပြကြပြီး ခရီးသွားလုပ်ငန်းက ဒေါ်လာငွေတွေဟာ အာဏာရစစ်တပ်အတွက်သာ အကျိုးရှိမှာဖြစ်ကြောင်းလည်း သတိပေးနေကြပါတယ်။  Burma Humanitarian Mission ရဲ့ ဥက္ကဋ္ဌဖြစ်သူ ပရဟိတ Backpack Medics ပရိုဂရမ် ဒါရိုက်တာ မိုက်ကယ်အစ်ရှာဝုဒ်ကတော့ ဘယ်သူ့ကိုမှ ခရီးသွားဖို့ အကြံပြုမှာ မဟုတ်ကြောင်းနဲ့ မြန်မာပြည်က ခရီးသွားတွေကို လမ်းပြန်ဖွင့်မယ်ဆိုရင် အဓိက ကတော့  လူထုကို ဖိနှိပ်နေတဲ့ စစ်အုပ်စုအတွက် အကျိုးရှိဖို့ပဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ […]

Most Read

2024-09-21 10:47:30