Breaking News >> News >> Democratic Voice of Burma


ထီးခီး- မေတ္တာ- ထားဝယ်လမ်း၌ ဓာတ်ငွေ့သယ်ယာဉ် ၂ စီး မီးရှို့ခံရ


Link [2022-04-04 03:13:49]



တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဧပြီ ၁ ရက် နေ့လယ်ပိုင်းလောက်က AwRa Trading ကုမ္ပဏီပိုင် ဓာတ်ငွေ့သယ်ယာဉ် ၂ စီးကို အမည်မသိလက်နက်ကိုင်တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့  ကုမ္ပဏီပိုင်ရှင်က ပြောပါတယ်။ ထိုင်းနယ်စပ် ထီးခီး- မေတ္တာ- ထားဝယ်လမ်းကြောင်းကနေ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အတွင်းက အများပြည်သူအသုံးပြုဖို့အတွက် ထမင်းချက်ဂက်စ်တွေကို ကစယ်ဒိုထူးကုမ္ပဏီက  AwRa Trading ကုမ္ပဏီပိုင်ဂက်စ်သယ်ယာဉ် ၂ စီးကိုငှားရမ်းပြီး  တင်သွင်းလာတဲ့ယာဉ်တွေလို့ ဆိုပါတယ်။ AwRa Trading ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ”ကျမတို့ ကုမ္ပဏီပိုင်ယာဉ် ၂ စီး မီးရှို့ခံလိုက်ရတာပါ။ မြဝတီလမ်းကြောင်းပိတ်တော့ ကားတွေနားထားရတော့  ကစယ်ဒိုထူးကုမ္ပဏီက ထီးခီးလမ်းကြောင်းကနေ ဂက်စ်တင်ဖို့ ခဏငှားပေးထားတာပါ။ ခါတိုင်းလည်း သွားနေကြ။ လမ်းကြောင်းမှာ အစစ်အဆေးခံတော့ လေယာဉ်ဆီမဟုတ်ဘူးလို့ ရှင်းပြနေတုန်း မီးရှို့ခံလိုက်ရတယ်”လို့ ဆိုပါတယ်။ […]

Most Read

2024-09-21 10:50:00