Breaking News >> News >> Democratic Voice of Burma


သရက်ချောင်းမြို့နယ်၌ စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကို ပစ်သတ်၊ နေအိမ်များကို မီးရှို့


Link [2022-04-04 03:13:49]



တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ  ရွာသား ၂ ယောက်ကို  ပစ်သတ်ခဲ့ပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာခံတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၃၀ ရက်က လက်နက်ကြီးနဲ့ ပစ်ခတ် စတင်ဝင်ရောက်လာတဲ့ အင်အား ၁၅၀ ရှိ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတချို့မှာ စခန်းချတာ၊ ကင်းပုန်းဝပ်တာတွေပြုလုပ်နေရာကနေ ဧပြီ ၂  ရက်က မယ်ကဲကျေးရွာအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တာပါ။ ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ဆယ်ကျော်သက် ကလေးငယ်တွေအပါအဝင် ဖမ်းဆီးထားခဲ့တယ်လို့သိရပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူတို့က လူသားဒိုင်းနဲ့၀င်လာတာ၊ ကလေးတွေကိုအရှေ့မှာ သေနတ်နဲ့ထောက်ပြီးသွားခိုင်းထားတာ၊ လူကြီးတွေကိုရောပဲ။ ကျနော်တို့ လမ်းတလျှောက်မှာလည်း မီးရှို့ခံထားရတဲ့အိမ်တွေချည်းပဲ့ဗျာ” လို့ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက […]

Most Read

2024-09-21 10:36:42