Breaking News >> News >> Democratic Voice of Burma


မုံရွာထောင်တွင်း ဆန္ဒပြမှုဖြစ်ပြီး ပစ်ခတ်သံများ ကြားရ


Link [2022-04-04 03:13:49]



စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရုံးကြီးရပ်က အကျဉ်းထောင်မှာ ဧပြီ ၃ ရက် ညနေပိုင်းက ထောင်တွင်း ဆန္ဒပြမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထောင်တွင်း ဆန္ဒပြကြွေးကြော်သံတွေ ကြားရပြီး သိပ်မကြာခင်မှာပဲ သေနတ်သံတွေ ဆက်တိုက်ကြားရကြောင်း၊ နောက်တော့ မီးသတ်ကားတွေ၊ လူနာတင်ကားတွေ ထောင်ထဲ ဝင်သွားတာ မြင်လိုက်ရတယ်လို့ ထောင်အနီးနားနေ ဒေသခံတစ်ဦးက ပြောပါတယ်။ “ညနေ ၅ နာရီလောက်မှာ ထောင်တွင်းမှာ ဒို့ပြည်သူတွေ ညီလားဟေ့လို့ အော်သံကြားရတယ်။ အဲဒီနောက် သေနတ်သံပစ်ဖောက်တာအချက် ၂၀ လောက်ရှိတယ်။ အဲဒါပြီး မကြာဘူး စစ်ကား ၄ စီးရောက်လာခဲ့တယ်။” မုံရွာအကျဉ်းထောင်ထဲကို ညနေ  ၅ နာရီ ကျော်လောက် မီးသတ်ကားတွေနဲ့ အရေးပေါ်လူနာတင်ကားတွေ ဝင်သွားတာကို တွေ့မြင်လိုက်ရတယ်လို့ ဒေသခံ နောက်တစ်ဦး […]

Most Read

2024-09-21 10:24:13