Breaking News >> News >> Democratic Voice of Burma


ဇွဲကပင်တောင်ပေါ်၌ ကျောင်းသူအသတ်ခံရမှု အဖော်အမျိုးသားကို ဖမ်းမိ


Link [2022-04-04 03:13:49]



ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်တက်လမ်းမှာ အမျိုးသမီးငယ်သေဆုံးမှုနဲ့  ထွက်ပြေးတိမ်းရှောင်နေတဲ့ အဖော်အမျိုးသားကို ဧပြီ ၂ ရက် ည ၉ နာရီခွဲလောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။  အဆိုပါ အမျိုးသားကို ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကေအန်ယူ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU KNLA(PC) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဘားအံမြို့နယ်၊ ထုံးအိုင်နယ်မြေရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့  သိရပါတယ်။ KNU KNLA(PC) တာဝန်ရှိသူက “မနေ့ညကပဲ ကျနာ်တို့ တပ်ဖွဲ့ဝင်တွေက လူသတ်မှုနဲ့ မသင်္ကာတဲ့ သူကို တွေ့ထားတယ်ဆိုပြီး သတင်းလှမ်းပို့တယ်။ ဒါနဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးပြီး ညတွင်းချင်းပဲ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်ပြီ” လို့ ပြောပါတယ်။ အဆိုပါ ဖမ်းဆီးရမိတဲ့ အမျိုးသားဟာ ဘားအံမြို့နယ်၊ နွားခြံကုန်းကျေးရွာနေ တမီလ်လူမျိုး ဒယ်ကလစ်ဆိုသူဖြစ်ပြီး […]

Most Read

2024-09-21 10:57:42