Breaking News >> News >> Democratic Voice of Burma


မန္တလေးကျုံးပတ်လည်လမ်းပိုင်းအချို့ ဧပြီ ၄ ရက်နှင့် ၅ ရက် မဖြတ်သန်းရန် သတိပေး


Link [2022-04-03 17:33:40]



မန္တလေး ကျုံးဘေးပတ်လည်ရှိလမ်းပိုင်းတွေကို ဧပြီ ၄ ရက်နေ့ နဲ့ ၅ ရက်နေ့တွေမှာ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့များ သတိပေးထုတ်ပြန်ထားပါတယ်။ မန္တလေးမြို့ ၊ မန္တလေးကျုံးပတ်လည်ရှိ လမ်းပိုင်းများဖြစ်တဲ့ ၁၂ လမ်း၊ ၈၀ လမ်း၊  ၂၆ လမ်းနဲ့ ၆၆ လမ်းကို ပြည်သူတွေအနေနဲ့ ဧပြီ ၄ ရက်၊ ၅ ရက်နေ့တွေမှာ မနက် ၅ နာရီမှ မနက် ၈ နာရီအချိန်တွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် တားမြစ်ထားတာပါ။ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေရဲ့ ကြေညာထားတဲ့ ထုတ်ပြန်ချက်ကို လိုက်နာပေးကြဖို့နဲ့ မလိုက်နာဘဲ မိမိသဘောဖြင့် ဖြတ်သန်းသွားလာပြီး ထိခိုက်မှုရှိလာပါက တာဝန်ယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ လမ်းပိုင်း သတိပေး ကြေညာချက်တွေကို အချိန်အခါပေါ်မူတည်ပြီး ပြန်လည်ထုတ်ပြန် အသိပေးသွားတယ်လို့  ပြောထားပါတယ်။

Most Read

2024-09-21 10:44:56