Breaking News >> News >> Democratic Voice of Burma


ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့


Link [2022-04-03 17:33:40]



စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၃ ရက်နေ့ မနက် ၉ နာရီကျော်က မီးရှို့နေတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံရွာသားတဦးက “သူတိုရွာထဲဝင်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့တာဗျ။ အင်အား ၈၀ လောက်တော့ရှိမယ်။ လူတွေကတော့ အသက်လုထွက်ပြေးခဲ့ရတယ်။ အဘိုး၊ အဘွားတွေနဲ့ ကလေးငယ်လေးတွေလည်း ပိတ်မိနေကြတာတွေ ရှိခဲ့တယ်” လို့ ပြောပါတယ်။ ငါးတင်းကြီးကျေးရွာကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တွေကလည်း မင်းဝံစိုက်ကွင်းကျေးရွာကို နှစ်ကြိမ်မီးရှို့တာတွေ လုပ်ခဲ့ပါတယ်။  ဧပြီ ၁ ရက်ကနေ ၃ ရက်နေ့အထိ ငါးတင်းကြီးကျေးရွာနဲ့ မင်းဝံစိုက်ကွင်းကျေးရွာတွေ မီးရှို့ခံနေရတာဖြစ်ပြီး စစ်ကောင်စီတပ် ကျေးရွာတွေကနေ မထွက်သေးတာကြောင့် နေအိမ်ဘယ်လောက် […]

Most Read

2024-09-21 10:49:39