Breaking News >> News >> Democratic Voice of Burma


ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ချဲလ်ဆီအသင်း၏ခံစစ်စွမ်းရည်ကို နည်းပြတူချယ် အပြစ်တင်


Link [2022-04-03 17:33:40]



ဘရန့်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့တဲ့အပေါ် အသင်းရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကို နည်းပြ တူချယ်က အပြစ်တင်သွားပါတယ်။  ချဲလ်ဆီးအသင်းဟာ တန်းတက်ဘရန့်ဖို့ဒ်အသင်းကို ဦးဆောင်ဂိုး အရင်ရခဲ့ပေမယ့် ပွဲအပြီးမှာ ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာပါ။  အဲဒီပွဲစဉ်မှာ အသင်းခံစစ်က လုံလောက်တဲ့ စွမ်းဆောင်ရည်မရှိခဲ့ဘဲ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်ခဲ့တယ်လို့ နည်းပြတူချယ်ကပြော ပါတယ်။  “ကျနော်တို့ခံစစ်က တည်ငြိမ်မှုကင်းမဲ့နေခဲ့တယ်။ ဒီလိုစွမ်းဆောင်ရည်ကြောင့် အပြစ်ပေးခံခဲ့ရပြီး ဒါက ကျနော်တို့အတွက် ပုံမှန်မဟုတ်ပါဘူး။ အသင်းသားတွေကြောင့်ဆိုတာထက် သူတို့ရဲ့ အမှားတွေက ရှုံးပွဲဖြစ်စေခဲ့တယ်။ ဒီပွဲအတွက် သေချာပြင်ဆင်လာခဲ့တဲ့ အသင်းငယ်တသင်းနဲ့ပွဲက ပိုပြီးခက်ခဲပါတယ်။ ကျနော်တို့လည်း သေချာပြင်ဆင်ခဲ့ပေမယ့် နိုင်ငံပွဲတွေက အပြန်ဆိုတော့ လေ့ကျင့်ချိန်က သိပ်မလုံလောက်ခဲ့ပါဘူး။”  ချဲလ်ဆီးအသင်းဟာ ဧပြီ ၇ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်ကစားရမှာဖြစ် ပြီး အမှားတွေကို သေချာပြင်ဆင်သွားမယ်လို့ […]

Most Read

2024-09-21 10:41:03