Breaking News >> News >> Democratic Voice of Burma


ရေးမြို့နယ် စံပြကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရ


Link [2022-04-03 12:13:48]



မွန်ပြည်နယ် ရေးမြို့နယ် စံပြကျေးရွာအတွင်း ဈေးဝယ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရတာကြောင့် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၂ ရက်နေ့ မနက် ၇ နာရီခွဲလောက်  အရပ်ဝတ်နဲ့ စံပြရွာအတွင်း ဈေးဝယ်ဖို့လာတဲ့ စစ်ကောင်စီတပ်သား ၄  ဦးကို ကေအန်ယူ တပ်မဟာ (၆) တပ်ရင်း (၁၆) ဌာနချုပ်တပ်ခွဲမှ ကွန်မန်ဒို တပ်သား ၂ ဦးက ပြောက်ကျားနည်းနဲ့ ပစ်ခတ်ခဲ့တာလို့ ရေးပြောက်ကျားအဖွဲ့ YGF က ထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်က ၂ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ကျန်နှစ်ဦးကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။ စံပြဘုရားကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်က ၄၀ မမ နဲ့ ပစ်ခတ်ခဲ့ပေမယ့် […]

Most Read

2024-09-21 10:34:44