Breaking News >> News >> Democratic Voice of Burma


ဆိုင်နှင့်လုပ်ငန်းများ စည်ပင်ခွန်ပေးရန်မလိုကြောင်း အရာတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာ


Link [2022-04-03 12:13:48]



စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်း ဆိုင်နဲ့လုပ်ငန်းတွေအနေနဲ့ စစ်ကောင်စီကို စည်ပင်ခွန် ပေးသွင်းဖို့ မလိုအပ်ကြောင်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကင်းလွတ်ခွင့်ကြေညာလိုက်ပါတယ်။ စစ်ကောင်စီရဲ့ လက်အောက်ခံ အရာတော်မြို့နယ်၊ စည်ပင်ဌာနကို နှစ်စဉ်ပေးဆောင်ရမြဲဖြစ်တဲ့ ဆိုင်၊ လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စည်ပင်လုပ်ငန်းခွန်တွေကို ပေးဆောင်ခြင်းမပြုဘဲ လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ဖို့ အခွန် ကင်းလွတ်ခွင့်ပြုလိုက်တာလို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ NUG စီးပွားကူးသန်းဝန်ကြီးဌာက ထုတ်ပြန်ကြေညာထားချက်အရ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ ပေးဆောင်ရမဲ့ အခွန်အခအားလုံးကို အရာတော်မြို့နယ် ပြည်သူလူထုအား ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။ အရာတော်မြို့နယ်၊ စစ်ကောင်စီစည်ပင်ဌာနက လေလံတင်ရောင်းချနေတဲ့ သားသတ်လိုင်စင်အပါအဝင် လုပ်ကိုင်ခွင့်လိုင်စင်အမျိုးမျိုးကို လေလံဝင်ဆွဲတာမျိုးလည်း လုံးဝ မပြုလုပ်ကြရန် သတိပေးပါတယ်။

Most Read

2024-09-21 10:44:44