Breaking News >> News >> Democratic Voice of Burma


မတူပီမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၉ ဦး ထက်မနည်းသေဆုံး


Link [2022-04-03 00:34:05]



ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၉ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ CDF-မတူပီကနေ သိရပါတယ်။ မတူပီ-မင်းတပ်ကားလမ်း မတူပီမြို့နဲ့ ၁၀ မိုင်လောက်အကွာမှာ မနေ့ မွန်းလွဲ ၁ နာရီလောက်မှာ စစ်ကြောင်းထိုးလာတဲ့ မတူပီအခြေစိုက်တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ CDF-မတူပီက ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး အရာရှိတယောက်အပါအဝင် ၃ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒါ့အပြင် မတူပီမြို့နယ် ချန်းပြန်းရွာနားမှာလည်း ဒီကနေ့ မနက် ၁၁နာရီခွဲလောက်မှာ CDF-မတူပီနဲ့ စစ်ကောင်စီတပ်တွေ ထပ်မံပြီး တိုက်ပွဲ အပြင်းထန်ဖြစ်ပွားကာ စစ်ကောင်စီဘက်က ၆ ယောက်ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ […]

Most Read

2024-09-21 10:41:47