Breaking News >> News >> Democratic Voice of Burma


ကလေးမြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၁ ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရ


Link [2022-04-03 00:34:05]



စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ  ဧပြီ ၂ ရက်မနက်က  အိမ်စီးကားနဲ့ FAW ကား ၁၀ စီးကျော်နဲ့ ဦးတည်ချီတက်လာစဉ် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့  CDF-KKG တပ်ဖွဲ့ဝင်တွေက အောင်သာယာနဲ့ မှန်တောရွာအကြားမှာ  ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်စဉ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ အထိအခိုက်အကျဆုံးများရှိနိုင်ပေမဲ့ သီးခြားအတည်ပြုမရသေးကြောင်း မိမိတို့တပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ CDF-KKGက ထုတ်ပြန်ထားပါတယ်။ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အောင်သာယာရွာမြောက်ဘက်ရှိ အောင်မင်္ဂလာကျေးရွာ အတွင်းသို့ လက်နက်ကြီးကျပေါက်ကွဲခဲ့ရာ ပြည်သူ တယောက် ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ကြံသာရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ ရွာခံပျူစောထီးတွေဟာ အဆိုပါရွာတွေကို မကြာခဏဝင်ရောက်ကာ  ရွာသားပြည်သူတွေကို  ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။  ဒါ့အပြင် ရွာသားတွေရဲ့ နေအိမ်တွေကနေ ပစ္စည်းတွေခိုးယူတာ၊ မော်တော်ယာဉ်တွေ၊ […]

Most Read

2024-09-21 10:40:20