Breaking News >> News >> Democratic Voice of Burma


ထိုင်း-မြန်မာနပ်စပ် သောင်ရင်းမြစ်ကမ်းအနီး ရွှေ့ပြောင်းမြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ


Link [2022-04-02 12:58:50]



ကရင်ပြည်နယ်၊ မြဝတီမြို့တဘက်ကမ်း သောင်ရင်းမြစ်ကမ်းစပ်အနီးမှာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၁၉ ယောက်နဲ့ ထိုင်းယာဉ်မောင်း ၁ ဦးကို ဧပြီ ၂ မနက်က ဖမ်းဆီးခဲ့ပါတယ်။ ဒီနေ့မနက်ဝေလီဝေလင်းအချိန် ထပ်ဆိုင်လွတ်ရပ်ကွက် ၁ နဲ့ ၂ မှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ဖမ်းဆီးနိုင်ခဲ့တာလို့  ရပ်ကွက် ၁ ဥက္ကဋ္ဌက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ဖို့ လူကုန်ကူးသူကို တဦးလျှင်  ဘတ်ငွေ ၂၂၀၀၀ ပေးကြရပြီး   နယ်စပ်ဖြတ်ကူးချိန်မှာ  မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်လက်ထက် စီးပွားရေးကျပ်တည်း အလုပ်လက်မဲ့ဖြစ်ရသူတွေ ပိုမိုများပြားလာပြီး  မိသားစုဝင်ငွေနဲ့ စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံဘက်ကို နည်းလမ်းပေါင်းစုံနဲ့ တရားမဝင်သွားရောက်တဲ့  ရွှေ့ပြောင်းမြန်မာအလုပ်သမားကတော့ နေ့စဉ် အဖမ်းခံရပါတယ်။ ဖမ်းဆီးခံတဲ့ […]

Most Read

2024-09-21 10:25:34