Breaking News >> News >> Democratic Voice of Burma


မကွေးတက္ကသိုလ် ကျောင်းသား ၁ ဦး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရ


Link [2022-04-02 12:58:50]



မကွေးတက္ကသိုလ်ကျောင်းသားတယောက်ကို  ဧပြီလ ၁ ရက်မှာ စစ်ကောင်စီရဲ့တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တယ်လို့ မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။ သင်္ချာဘာသာအထူးပြု နောက်ဆုံးနှစ်ကျောင်းသား မောင်ဘုန်းထက်အောင်ကို လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(စ)နဲ့ စစ်ကောင်စီရဲ့ တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တာလို့  မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဝင်တယောက်က ပြောပါတယ်။ “သူက မကွေးမြို့ပေါ်ကတော့ မဟုတ်ဘူးဗျ။ ကံမမြို့နယ်ဘက်ကနေ မကွေးတက္ကသိုလ်မှာ ကျောင်းလာတက်တာ။ စစ်ကောင်စီတပ်တွေက ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ ည၁၀ နာရီလောက်မှာ မတရားဖမ်းဆီးတာ ခံခဲ့ရတာ”လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်က ပြောပါတယ်။ စစ်အုပ်စုက နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းပိုက်ခဲ့တဲ့အတွက်  နိုင်ငံအနှံ့က ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြတဲ့အချိန် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၁ ရက်မှာ တက္ကသိုလ်ကျောင်းသား […]

Most Read

2024-09-21 13:00:34