Breaking News >> News >> Democratic Voice of Burma


တက္ကသိုလ်ဝင်မေးပွဲဖြေဆိုသူများကို သစ္စာဖောက်လောက်ကောင်များဟု ရတနာပုံတက္ကသိုလ် ယာယီကောင်စီထုတ်ပြန်


Link [2022-04-02 12:58:50]



စစ်ကောင်စီအကြမ်းဖက်အဖွဲ့က စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေသူတွေကို သစ္စာဖောက်လောက်ကောင်တွေအဖြစ် သတ်မှတ်လိုက်ပြီး တက္ကသိုလ်ဝင်ခွင့် လက်ခံသွားမှာ မဟုတ်ဘူးလို့ ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီက ဧပြီ ၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ကြသူတွေ၊ အကျဉ်းကျနေသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ မြေပေါ်မြေအောက် တော်လှန်နေကြသူတွေကို ငဲ့ကွက်ပြီး အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်တဲ့ ကျောင်းသင်တန်းတွေ၊ စာမေးပွဲတွေကို သပိတ်မှောက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားခဲ့ပြီးဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ် ဆက်ထားကြတဲ့ ယာယီတက္ကသိုလ်ကောင်စီတွေ၊ ပညာရေးဘုတ်အဖွဲ့တွေကတောင် အတန်းတင်ပညာရေးကို လက်မခံကြောင်း ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တနိုင်ငံလုံးရဲ့ တော်လှန်ရေးဖြစ်ရပ်တွေကို မျက်ကွယ်ပြုပြီး မိမိအကျိုးစီးပွားအတွက် အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်တဲ့ အတန်းတွေ တက်ရောက်တာ၊ စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတာတွေကို […]

Most Read

2024-09-21 13:03:32