Breaking News >> News >> Democratic Voice of Burma


သပိတ်ကျင်းမြို့နယ်၌ ခရီးသွားပြည်သူတွေကို မှတ်ပုံတင်စစ်ဆေးနေ


Link [2022-04-02 12:58:50]



မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ ဧပြီ ၁ ရက်မနက်က စစ်ကောင်စီ လက်အောက်ခံ လဝက ဝန်ထမ်းတွေနဲ့ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ စစ်ကောင်စီ တပ်သားတချို့က ခရီးသွားပြည်သူတွေကို မှတ်ပုံတင် စစ်ဆေးနေပါတယ်။ မန္တလေး – မိုးကုတ် ၊ မန္တလေး -ဗန်းမော်လမ်းဆုံရာ ဖော့တောလမ်းဆုံမှာ ခရီးသွားပြည်သူတွေကို မှတ်ပုံတင် ပါ ၊ မပါ စစ်ဆေးနေတာလို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ကတည်းက စစ်ကောင်စီ လက်အောက်ခံ လဝက ဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နိုင်ငံတဝန်းက ဒေသခံပြည်သူတွေကို ထောက်ခံစာနဲ့  မြို့နယ်ဖြတ်ကျော် ခရီးသွားလာခွင့်နဲ့ တည်းခိုနေထိုင်ခွင့်တွေ  ပိတ်ပင်လိုက်ပြီးနောက် အခုလို မှတ်ပုံတင် စစ်ဆေးလာတာဖြစ်ပါတယ်။

Most Read

2024-09-21 12:47:33