Breaking News >> News >> Democratic Voice of Burma


ဖားကန့်တွင် ကျောက်စိမ်းရိုင်းတူးခွင့်မပြုဟု စစ်ကောင်စီက အမိန့်ထုတ်သော်လည်း ဆက်လက်တူးဖော်နေ


Link [2022-04-02 12:58:50]



ကချင်ပြည်နယ်ဖားကန့်ဒေသမှာ ကျောက်စိမ်းရိုင်းတူးဖော်တဲ့ လုပ်ငန်းတွေကို ဆက်လက်တူးဖော် ထုတ်လုပ်ခွင့် မပြုတော့ဘူးလို့ စစ်ကောင်စီက အမိန့်စာထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာတော့ စက်ယန္တရားတွေ အလုံးအရင်းနဲ့ တရားမဝင်တူးဖော်နေမှုတွေရှိနေဆဲပဲလို့ ဒေသခံတွေက ပြောကြပါတယ်။ သားစဉ်မြေးဆက်တူးဖော်စားသောက်နိုင်ရန်ဖို့ဆိုပြီး စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လုံးခင်း၊ ဖားကန့်ရတနာ နယ်မြေအပါအဝင် မော်လူး-မော်ဟန်ဒေသမှာရှိတဲ့ ကျောက်မျက်ရတနာအရိုင်း တူးဖော်တဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခြင်းမပြုဖို့  ဧပြီလ ၁ ရက်က ထုတ်ပြန်ထားတာပါ။ အခုလိုအမိန့်မျိုးကို အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ  ထုတ်ပြန်ခဲ့တာဟာ နှစ်ကြိမ်ရှိပြီ ဖြစ်ပြီး အာဏာသိမ်းပြီးခါစ  ၂၀၂၁ ခုနှစ်ကလည်း တစ်ကြိမ်ထုတ်ခဲ့ပါတယ်။   အဲဒီလိုစစ်ကောင်စီဘက်က အမိန့်တွေ အကြိမ်ကြိမ်ထုတ်ပြန်နေပေမဲ့ ဖားကန့်ရတနာနယ်မြေမှာတော့ တရားမဝင်ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းတွေကို စက်ယန္တယားကြီးတွေ အမြောက်အမြားအသုံးပြုပြီး ဆက်လက် လုပ်ကိုင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို  စစ်ဗိုလ်ချုပ်အဟောင်း၊ အသစ်တွေရဲ့ မိသားစုဆွေမျိုးအသိုက်အဝန်း ကုမ္ပဏီတွေ၊   […]

Most Read

2024-09-21 12:43:19