Breaking News >> News >> Democratic Voice of Burma


ထိုင်းသင်္ကြန် ရေမကစား၊ ပေါင်ဒါမလူးရန် ထိုင်းအစိုးရ စည်းကမ်းထုတ်ပြန်


Link [2022-04-02 00:33:38]



ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူနေ့စဉ် ၄ သောင်းခွဲလောက် ရှိနေတာကြောင့် လာမယ့်သင်္ကြန်ပွဲကို စည်းကမ်းချက်တွေနဲ့အညီ ကျင်းပဖို့ ထိုင်းအစိုးရပြန်တမ်းဌာနက မတ်လ ၃၁ ရက်  နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။  အဆိုပါထုတ်ပြန်ချက်အရ လာမယ့်သင်္ကြန်ပွဲတော်ကို ခွင့်ပြုချက်ရတဲ့နေရာတွေမှာသာ ကျင်းပဖို့၊ လူ ၅၀၀ နဲ့အထက် ပါဝင်မယ့် သင်္ကြန်ပွဲကို သက်ဆိုင်ရာထံ ၅ ရက် ကြိုတင်ခွင့်ပြုချက်တောင်းခံရမှာ ဖြစ်ပါတယ်။ ပွဲတော်ကျင်းပမယ့် နေရာဟာ ကျယ်ပြန့်ပြီး လေဝင်လေထွက်ကောင်းတဲ့ ဟင်းလင်ပြင်မှာ ကျင်းပဖို့၊ ပွဲကျင်းပရေးကော်မတီအနေနဲ့ ကိုဗစ်-၁၉ ကင်းစင်မှုပေါ် တာဝန်ယူမှု တာဝန်ခံမှုနှင့်ဆောင်ရွက်ဖို့ ၊ ခွင့်ပြုချက်ရထားတဲ့ လူဦးရေပမာဏထက်မပိုအောင်ကျင်းပဖို့၊ ပွဲခင်းအဝင်အထွက် နေရာတွေမှာ အပူချိန်တိုင်းကရိယာ၊ လက်ဆေးအရက်ပျံထားရှိပြီး အမည်စာရင်းတင်သွင်းဖို့၊  ပွဲခင်းထဲလာမယ့်သူဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ်ထိုးနှံပြီးကြောင်း သက်သေအထောက်အထားပြဖို့၊ […]

Most Read

2024-09-21 12:50:28