Breaking News >> News >> Democratic Voice of Burma


ဝန်ထမ်းပင်စင်သက်တမ်းတိုးမြှင့်မှု လူငယ်အရာရှိများအတွက် ရာထူးတက်ရန် အဟန့်အတားဖြစ်စေ


Link [2022-04-02 00:33:38]



နိုင်ငံဝန်ထမ်းတွေရဲ့ သက်ပြည့်ပင်စင်ကာလကို စစ်ကောင်စီက ၂ နှစ်သက်တမ်း ထပ်တိုးလိုက်တာက မျိုးဆက်သစ် လူငယ် လူလတ်ပိုင်းတွေအတွက်တော့ အနာဂတ်မှာ ရာထူးတက်ရေးကို ပိတ်ပင်တားဆီးလိုက်တဲ့ ဆိုးကျိုး ဖြစ်ပေါ်စေတယ်လို့ စီမံခန့်ခွဲမှုရေးရာကျွမ်းကျင်သူတွေက ထောက်ပြပြောပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေအနေဖြင့် အငြိမ်းစားယူရမယ့် အသက်ကို ၆၂ နှစ်အထိ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယင်းထုတ်ပြန်ကြေညာချက်အရ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ထိန်းသိမ်းဖို့၊ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတို့အရ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆက်လက် အထောက်အကူပြုစေဖို့ လုပ်ငန်းကျွမ်းကျင်တဲ့ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံတော်က ဆက်လက် ချီးမြှောက်ဖို့  အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ လမ်းညွှန်မှုအရ အခုလို သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။ အခုလို ပြင်ဆင်လိုက်တဲ့အပေါ် စီမံခန့်ခွဲမှုရေးရာကျွမ်းကျင်သူတဦးက […]

Most Read

2024-09-21 12:40:53