Breaking News >> News >> Democratic Voice of Burma


တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေ


Link [2022-04-01 12:53:15]



တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန္ဒော ကျေးရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက မတ် ၃၁ ရက် နေ့လယ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးသွားတယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ယာယီခိုလှုံနေတဲ့ နေရာကို စစ်ကောင်စီဘက်က အခုလို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လက်ဦးမှု ရယူပြန်လည်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ညနေပိုင်းမှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အဆိုပါ တိုက်ပွဲကို တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့နဲ့ တောင်ပိုင်းသူရဲကောင်းများအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ အထိအခိုက်မရှိဘူးလို့သိရပါတယ်။ အခုလို တိုက်ပွဲတွေကြောင့် သိန္ဓောကျေးရွာမှာရှိတဲ့ ဒေသခံရွာသားတွေအနေနဲ့ ဘေးလွတ်ရာအနီးအနား ဝန်းကျင်ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Most Read

2024-09-21 12:44:20